MCSA (Server 2012)


Microsoft Server ပိုင်းကိုလေ့လာသူများ/ Server Administrator များ ရယူထားသင့်သော Certificate တစ်ခုဖြစ်ပါသည်။ Associate Level လို့ ပြောပေမဲ့  MCSA လောက်ရရင်တောင်မှ လုပ်ငန်းခွင် Junior Server Administrator အဖြစ် လုပ်ကိုင်လို့ ရပါပြီ။ တစ်ခြား computer systems administrator  / computer network specialist များအနေနဲ့ လဲ လုပ်ငန်းခွင်ဝင်ရောက်နိုင်ပါသည်။
ဒီ Exam မှာ သုံးဘာသာဖြေရပါ့မယ်။ Server ပိုင်းလို့ ပြောတဲ့ အတွက် သုံးဘာသာလုံး Server ပိုင်းတွေပါပဲ့ ။ တစ်ခြား MCSA တွေလဲ ရှိပါသေးတယ်။ အသေးစိတ်သိချင်ရင်တော့ အောက်ပါ link မှာ ၀င်ရောက်လေ့လာနိုင်ပါတယ်။
https://www.microsoft.com/en-us/learning/mcsa-certification.aspx

MCSA Server 2012 မှာ အောက်ပါ သုံးဘာသာရှိပါတယ်။
၁) Installing and Configuring Windows Server 2012 (70-410)
၂) Administering Windows Server 2012 (70-411)
၃) Configuring Advanced Windows Server 2012 Services (70-412)

ပထမဦးဆုံးဖြေရမှာက 70-410 ပဲဖြစ်ပါတယ်။ စာမေးပွဲကြေးတွေက နိုင်ငံအလိုက်ရှိပေမဲ့ ။ ကျွန်တော်တို့ နိုင်ငံအတွက်တော့ တစ်ဘာသာကို $80 ကနေ မတက်သေးပါဘူး။ ဒါကစာမေးပွဲကြေးပါ။ Exam Center ကြေးလဲရှိပါသေးတယ်။ အဲဒီ center ကြေးက center အလိုက်ကွာခြားပါတယ်။ ကျွန်တော်ကတော့ KMD မှာဖြေတာဆိုတော့ Center ကြေးပေးစရာမလိုဘူးဗျာ့။ ဘာလို့ လဲဆိုတော့ သူ့ က Microsoft partner ယူထားလို့ ပါ။ မိတ်ဆွေတို့ လဲ ဖြေခါနီး ဖုန်းဆက်မေးကြည့်ပေါ။ တစ်ခြားCenter တွေကတော့ ၁ဘာသာကို ၃၀၀၀၀ ၊ ၂၀၀၀၀ လောက် ယူကြပါတယ်။

သုံးဘာသာလုံးပြီးသွားရင်တော့ MCSA ရပါပြီ။နောက်တဆင့်အနေနဲ့ က MCSE ပါပဲ ( Microsoft Certified System Engineer)။ ခုဒီလမှာ အသစ်ထွက် လာတဲ့ MCSE လမ်းကြောင်းတွေလဲရှိပါတယ်။ အရင်တုန်းက ဆိုရင် MCSA ပြီးတာနဲ့ နောက်ထပ် ၂ဘာသာလောက်ထပ်ဖြေမှ MCSE ရနိုင်ပါတယ်။ ခုဒီ Certification Path အသစ်မှာ က တစ်ဘာသာ လောက်ထပ်ဖြေတာနဲ့ ပင် MCSE ဖြစ်နိုင်ပါတယ်။ ဒီလောက်ဆိုရင်တော့ မိတ်ဆွေတို့ နည်းနည်းသဘော ပေါက်လောက်ပြီထင်ပါတယ်။ ကျန်တဲ့ Detail ကတော့ microsoft site မှာ ၀င်ကြည့်ရင်ပိုကောင်းပါတယ်။ ကျွန်တော်ပြောပြတာကတော့ သိသလောက်ကို မျှဝေပေးခြင်းပဲဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။




Share on Google Plus

About Phyo Wai Lin (MCT,MVP,myanmarRoute)

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment

4 comments:

  1. MCSA နဲ့ ပတ်သတ်တဲ့ ..labs တွေကို အောက်ပါ Youtube link မှာ တင်ထားပေးပါတယ်..။ ၀င်ရောက်လေ့လာနိုင်ပါတယ်...
    https://www.youtube.com/playlist?list=PLe_Vn0ZfHMP4hvsWBEh9wZt6RJgeNmc6H

    ReplyDelete
  2. New High-Tech surgical steel vs titanium
    These titan metal mechanical steel machines have been titanium engine block designed to titanium fitness improve and retain the edge of titanium blade the design of a mechanical titanium flat iron steel vessel. In order to gain

    ReplyDelete